မြန်မာနိုင်ငံ အတွင်းမှာ နေထိုင်ကြတဲ့ လူတော်တော် များများ စေတနာ သဒ္ဒါတရား ထက်သန်ကြပါတယ်။
ဘုရား ကျောင်းကန်၊ရေတွင်း၊ရေကန် ဆိုရင်လည်း တဦးကောင်းတယောက် ကောင်းဆိုတာထက် အများကောင်းမှု ဆိုတာတွေ့ရတာ ပိုများ မဟုတ်လား။
အဲလိုပါဘဲ လမ်းဘေးမှာ တည်ထားတဲ့ သောက်ရေအိုးစဉ် ဆိုတာမျိုး လည်း မြန်မာနိုင်ငံမှာဘဲ တွေ့ရတယ် ထင်ပါရဲ့။
တခြားနိုင်ငံတွေမှာ ရှိမရှိတော့ မပြောတတ်ပါဘူး။
ကျွန်တော်ရောက်ခဲ့ဖူးတဲ့ နိုင်ငံတွေမှာတော့ လူအများ သောက်လို့ရတဲ့ ရေအိုးစဉ် ကို မတွေ့ ဖူးခဲ့ ပါဘူး။
နောက် မြန်မာတွေရဲ့ ယုံကြည်မှုတစ်ခုက ရေအကျိုး ၁၀ပါး မတောင်းဘဲနဲ့ ပြည့်တယ်လို့ လဲ ယုံကြည်တာကိုးဗျ။
ဒီလိုပါဘဲ ကိုယ် ယုံကြည်တဲ့ အတိုင်း လုပ်ဆောင်ကြလို့ လမ်းဘေး ရေအိုးစဉ် ဆိုတာလေး မြန်မာနိုင်ငံမှာ ရှိတာ ချစ်စရာ ဓလေ့လေးပါဘဲ။
ဒီဓလေ့ လေးတွေ သာမက မြန်မာနိုင်ငံ မှာ ပင်ပန်းလို့ ဘဲဖြစ်ဖြစ်၊သောက်စရာ အလွယ်တကူ ရှာမရလို့ ဘဲ ဖြစ်ဖြစ် ကြုံ တဲ့ အိမ် ကို ရေတခွက်လောက်တော့ တောင်းသောက်တိုင်း ငြင်းလိုက်တာ ကြုံရမှာမဟုတ်ဘဲ ကြည်ကြည်ဖြူဖြူ တိုက်ကြတာပါဘဲ။
စေတနာ သဒ္ဒါတရား ကောင်းလိုက်ကြတဲ့ မြန်မာနိုင်ငံသားတွေကိုးဗျ။
ဘယ်လောက်ကောင်းတဲ့ ဓလေ့လဲ၊ချစ်စရာကောင်း တဲ့ အကျင့်တွေလဲဗျာ။စဉ်စားကြည့်ပါ။
ကဲ့ ခုတော့ ၂၁ရာစု ရောက်ပြီ။
တို့တတွေ အားလုံးဟာလည်း မြန်မာနိုင်ငံမှာ မဟုတ်တော့ဘူး။
တိုးတက်ခေတ်မှီ ဖို့အတွက်၊၀မ်းရေး အတွက်၊ပညာရေး အတွက် တိုင်းတပါးကို ရောက်လာကြရပြီ။
ရောမရောက်ရင် ရောမလိုဘဲ ကျင့်ကြမလား။
ဘယ်နိုင်ငံရောက်ရောက်၊ဘယ်နိုင်ငံသားဘဲ ခံထား ခံထား မွေးရပ်မြေလို့မေးရင် မြန်မာလို့ဘဲ ဖြေရမှာဘဲ။
ဘယ်နိုင်ငံသားဘဲ ခံထားခံထား ကိုယ်ရေးရာဇ၀င်မှာ မွေးရပ်ဆိုတဲ့ နေရာမှာ မြန်မာလို့ဘဲ ထည့်ရမှာဘဲ။
ဘယ်နိုင်ငံဘဲရောက်ရောက် ကောင်းတဲ့ မြန်မာဓလေ့ လေးတော့ သယ်သွားကြပါ။သယ်သွားစေချင်တာပါဘဲ။
မြန်မာ လူမျိုးတွေပါ။ခင်ရာ ဆွေမျိုးဆိုပြီး နေကြတာပါ။
စကာင်္ပူ လောက်နိုင်ငံလေးရောက်လို့ သွေးကြီး နေမယ် ဆိုရင်တော့ ကြီးနေလိုက်ပေါ့။
အလုပ်မှာ မြန်မာလူမျိုးလေး ရီလိုက်ရင် လက်တဖက် မပြည့်ချင်ပါဘူး။
သောက်ရေ ဆိုတာလဲ ကျွန်တော်တို့ အလုပ်ထဲမှာတော့ ဗူးကြီး ဗူးငယ် နဲ့ ကြိုက်သလောက်ယူ။အလကား။
ဒီလိုဘဲ တယောက် ရေယူဖို့ မေ့ခဲ့ ရင် နောက်တယောက် ရဲ့ဗူးကို ယူသောက် ဘာမှ ပြောစရာကို မရှိဘူး။
ဒီလိုဘဲ အလုပ်လုပ်လာကြတာ ကြာပေါ့။ သောက်ရေ လေးတလုပ် အတွက် စိတ်ခု စရာလည်း မဖြစ်ခဲ့ဘူး။
အသက်ရူ ရပ်စရာလည်း မဖြစ်ခဲ့ ဖူးပါဘူး။အနေအထိုင် ခက်အောင်လည်း မဖြစ်ခဲ့ ပါဘူး။
ဒီလိုနဲ့ တနေ့ တော့ မင်းရေသောက်ပြီးရင် ငါ့ကိုပေးအုန်းကွာ လှမ်းတောင်းမိပါရဲ့။
ကိုယ်တော်ချော က လှည့်တောင် မကြည့်ဘဲ "သောက်တတ်ရင် ခပ်ထားကွာ" တဲ့ဗျာ။
မောနေတဲ့ အချိန် ရင်ဝကို ဆောင့်ကန် လိုက်သလိုပါဘဲ။
ထောင်းခနဲ့ ဖြစ်သွားတဲ့ စိတ်ကို ပြန်ထိန်း လိုက်ပြီး သူ ပစ်ပေးတဲ့ ရေဗူးကို လှမ်းဖမ်းလိုက်ရတယ်။
သူပစ်ပေးတဲ့ ရေဗူးကို ဘဲ ဖွင့်သောက်ခဲ့ ပါတယ်။
ညနေလောက်ရောက်တော့ နီးစပ်ရာ သူငယ်ချင်းတွေကို ပြောပြမိတယ်။
ဒီကောင့် လက်မောင်းသွေးကို ဖောက်လိုက်ရင်တောင် ငါတို့ တိုက်ထားတဲ့ ရေတွေ ဒလဟော ကျလာလိမ့် အုန်းမယ်။ပြောသူတွေက ပြော၊ဆိုသူတွေ က ဆိုပေါ့။
ဘယ့်နယ့်ဗျာ..ကိုယ့်အချင်းချင်း ဒီလိုပြောစရာ မလိုလောက်ဘူးလို့ ဘဲ ထင်ပါတယ်။
အမှန်ဆို ကိုယ်သောက်ပြီဆိုတာနဲ့ သူများတွေကော သောက်ပါအုန်းလား လို့ မေးတတ်တဲ့ မြန်မာတွေရဲ့ အကျင့်၊
ဓလေ့၊စရိုက် ဘယ်ရောက်သွားပြီလဲဗျာ။
ကိုယ်စားနေတုန်း ခင်မင်ရာ၊ခင်မင်ကြောင်းတွေ တွေ့တာနဲ့ တခါတည်း ၀င်စားဗျာ ရှိတာလေးနဲ့ပေါ့ လို့ ပြူငှါ စွာ ဖိတ်ခေါ်တတ်တဲ့ အကျင့်၊ဓလေ့ တွေ ပျောက်ဆုံးကုန်ပြီလား။
စလုံးဆိုတဲ့ နိုင်ငံလေးရောက်လာပြီး ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတဲ့ စိတ်ဓါတ်မျိုး ၆လ ဆိုတဲ့ ကာလ အတွင်းမှာ ကိုယ်တော်ချောရဲ့ ခေါင်းထဲ ဘယ်လိုဝင်ခဲ့တာလဲ မသိတော့ပါဘူး.။
နောက် ဒါမှမဟုတ် ကိုယ်တော်ချောက မြန်မာနိုင်ငံမှာ ငါတကောကောပြီးနေတဲ့ အသိုင်းအ၀ိုင်းက လာလို့ ဒီလို စိတ်မျိုးဝင်နေတာလာ မပြောတတ်တော့ပါဘူး။
နောက် ရီတွက်ရင် လက်တဖက်တောင် မပြည့် အလုပ်ထဲက မြန်မာတွေထဲမှာ တယောက်တွေ့ နေရပြီဆိုတော့
မြန်မာ ပြည်သူ သန်း၇၀ ကျော်မှာ ဒီလိုလူမျိုးတွေ ဘယ်လောက်ရှိနေမလဲ။
ဒီလို တွေးရင်းနဲ့ မြန်မာနိုင်ငံဟာ အရာရာ ဆုတ်ယုတ်မှုတွေနဲ့ အတူ ချစ်စရာကောင်းတဲ့ မြန်မာတို့ရဲ့ စလေ့ စရိုက်လေးတွေလည်း ဆုတ်ယုတ်ကျဆင်းလို့ နေပါကောလား လို့ တွေးရင်းက.................။
ဒီးဒိုး။
၂၉၊၀၂၊၂၀၁၂။
D e e D o e
"အဆိုးအားဖြင့် အရူံး မခံစေနဲ့ အကောင်းအားဖြင့် အဆိုးကို နိုင်လော့။” ကိုယ်တော်ရဲ့ စကားပြန်ကြားရောင်ကာ....။
Tuesday, February 28, 2012
Tuesday, February 21, 2012
တစ် ကပြန်စ။
အမြဲတမ်း တစ် ကစနေရ တဲ့ဘဝ
ဘယ်အချိန် ရပ်ပါမယ်။
ကံတရား ကဘဲ တဖက်သတ်ဆန်နေလား
ငါရေတွက်တဲ့ ဂဏန်းတွေကို ချေမွပစ်လိုက်ပြန်ပြီ။
အားကိုးတကြီး ခေါ်ချင်တဲ့ အဖေ
ဒိုင်း၊ဒိုင်း သံကြားမှာ
ငါလေ မတွေ့ဖူးတော့ဘူး။
အဖေ ဘယ်မှာလဲ။
မျှော်လင့်ကြီးစွာ ဖူးမျှော်ချင်တယ် အမေ
ဟင့်အင်း ဆိုတဲ့ ငြင်းသံအောက်
နောက်ထပ် ငါလေ မတွေ့ဖူးတော့ဘူး။
ဘယ်မှာလဲ မေမေရယ်။
အနာဂတ် ကိုတည်ဆောက် ပေးမယ့်
ခနော်ခနဲ့ ကျောင်းလည်း စွန့်ထားခဲ့ပြီ။
မိသားစု နွေးထွေး ဘယ်အရာနဲ့မှ မလဲနိုင်တဲ့
တို့ တဲ အိမ်လေးလဲ ပြိုလဲ ခဲ့ပြီ။
အသက်ဆက်ပေး မယ့် တို့ စပါးကျီ
ပြာပုံ အတိပါပေါ့။
ဝုန်း၊ဒိုင်း တွေကြားမှာ
အအေးလွန်တဲ့ သဘာဝက ထိုးနှက်တယ်။
အေးခဲ့တဲ့ နှင်းတွေကြားက
ရောဂါတွေက နှိပ်စက်ပြန်တယ်။
ကဲ
လိုချင်တာ
ရချင်တာ အကုန်သာ ယူသွားလိုက်တော့
မနက်ဖြန် နေထွက်ရင်
တစ်က ပြန်စဖို့
ဒီည ကောင်းကောင်းအိပ်မယ်။
ဒီးဒိုး။
၂၁၊၀၂၊၂၀၁၂။

Labels:
ကဗျာ
Sunday, February 19, 2012
ဆာလံ ၂၃။
ထာဝရ ဘုရားသည် ငါဧ။် သိုးထိန်းဖြစ်တော်မူဧ။်
ငါသည် ဆင်းရဲမခံရ။
စိမ်းလန်းသော ကျက်စားရာ အရပ်ဉ် ငါ့ကိုအိပ်စေတော်မူဧ။်
သာယာသော မြစ်နားသို့ လမ်းပြတော်မူဧ။်
ငါ့ဝိညာဉ် ကို အားဖြည့်ရ်ျ နာမတော် အဘို့အလိုငှါ တရားလမ်းထဲဉ် သွေးဆောင်တော်မူဧ။်
အကယ်ရ်ျ သေမင်းအရိပ် လွမ်းမိုးသောချိုင့်ထဲသို့ လျောက်သွားရသော်လည်း ဘေးအန္တာ ရယ်ကို မကြောက်ပါ။
အကြောင်းမူကား ကိုယ်တော်သည် ကျွန်ုပ်နှင့် အတူရှိတော်မူသည် ဖြစ်ရ်ျ
လှံတံတော်နှင့် တောင်ဝေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါဧ။်
အကျွန်ုပ်ဧ။် ရန်သူရှေ့မှာ အကျွန်ုပ်ဖို့ စားပွဲကို ခင်းတော်မူဧ။်
အကျွန်ုပ်ခေါင်းကို ဆီနှင့် လိမ်းတော်မူဧ။်
အကျွန်ုပ် ခွက်ဖလားသည် လျှံလျက်ရှိပါဧ။်
အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူးနှင့် ဂရုဏာကို တသက်လုံးခံစား၇်ျ
ထာဝရဘုရားဧ။် အိမ်တော်မှာ အစဉ်အမြဲနေပါလိမ့်မည်။

ခံစား မိသော.......စာစု
ဘာ့ကြောင့် များ..။
ဒီည
ငါငိုနေတာ
ဘာကြောင့်လို့
ပြောဖို့ လိုပါအုန်းမလား။
ဒီည
ငါ လန့်နိုးတာ
ဘာကြောင့်လို့
ပြောဖို့ လိုပါအုန်းမလား။
ဒီည
မင်းမလာ နိုင်တာ
မင်းရှိ မပေးနို်င်တာ
ဘာကြောင့် လို့
ငါလေ....
ရူးသွပ်စွာ သိချင်နေမိတယ်။
ဒီးဒိုး။
၁၉၊၀၂၊၂၀၁၀။
ငါငိုနေတာ
ဘာကြောင့်လို့
ပြောဖို့ လိုပါအုန်းမလား။
ဒီည
ငါ လန့်နိုးတာ
ဘာကြောင့်လို့
ပြောဖို့ လိုပါအုန်းမလား။
ဒီည
မင်းမလာ နိုင်တာ
မင်းရှိ မပေးနို်င်တာ
ဘာကြောင့် လို့
ငါလေ....
ရူးသွပ်စွာ သိချင်နေမိတယ်။
ဒီးဒိုး။
၁၉၊၀၂၊၂၀၁၀။
Labels:
ကဗျာ
Saturday, February 18, 2012
Tuesday, February 14, 2012
ဒလသို့ အသွား ကျေးဂျူးကမ္ဘာ သို့ အရောက်။
စာအုပ်လေးတွေ ဖတ်ရင်း က ရင်ကို ထိမှန်တဲ့ စာအုပ်လေးတအုပ်ဖတ်ရတယ်။ကြီးကြီး ကျယ်ကျယ် မဟုတ်ပေးမယ့် နားလည် မှု၊ကိုယ်ချင်းစာ မှု နဲ့ မုတိတာလေး တွေ ပွားများသွားနိုင်တယ်။ သူငယ်ချင်း အားလုံးကိုလည်း ဖတ်စေချင်တဲ့ ဆန္ဒ နဲ့ ပါ။ မောင်သာချို ရေးတဲ့ လက်ဆောင်(သမီးလေးဖတ်ဖို့) ဆိုတဲ့ စာအုပ်လေးပါဗျာ.။
(တစ်)
သမီး...။
လွန်ခဲ့တဲ့ လေး ငါး ရက်လောက်က ဖေဖေ အိမ်အပြန် နည်းနည်း နောက်ကျခဲ့တာကို သမီး မှတ်မိနေလိမ့်မယ် ထင်တယ်နော်။ အဲသည်တုန်းက တောင်ဥက္ကလာနဲ့ မြောက်ဒဂုံစပ်ကြား ဘေလီ တံတားထိပ်က စားသောက်ဆိုင်လေး တဆိုင်ရှိရာကို ဖေဖေ ရောက်သွားနေခဲ့တာ သမီးရဲ့။ ဆိုင်နာမည်ကလေးက ဆန်းဆန်းပြားပြား ကျေဂျူးကမ္ဘာတဲ့။ တကယ့်တကယ် ကချင်လို ကျေးဇူးတင်ပါတယ် လို့ ပြောချင်ရင် ကျေးဂျူးကဘာ လို့ ပြောမှ မှန်တာလေ။ ကျေးဂျူးကမ္ဘာဆိုတော့ ကချင်တ၀က် မြန်မာတ၀က်။ထားပါတော့လေ။
အဲသည် ကျေးဂျူးကမ္ဘာမှာ ထုတ်ဝေသူ ဆရာဝန်ကလေး တယောက်နဲ့ တွေ့ကြဖို့ အမှတ်မထင် လှမ်းချိန်းလိုက်မိတာကြောင့် ဖေဖေရယ် စာပေမိတ်ဆွေ တယောက်ရယ် ရောက်သွားဖြစ်ခဲ့ကြတယ်လို့ ဘဲ ဆိုကြပါစို့ သမီးရယ်။
ဖေဖေတို့ရဲ့ ခရီးအစက ဆူးလေလမ်းမကြီးပေါ်က သမီးရဲ့ ။ မြို့တော် ခန်းမနဲ့ မလှမ်းမကမ်းဆီမှာ စုပေါင်းတက္ကစီ
လေးတွေ ဂိတ်ထိုးကြတယ်လေ။ တောင်ဥက္ကလာတို့ မြောက်ဥက္ကလာတို့လို နေရာတွေကို ပြန်ကြမယ့် ဖေဖေတို့လို မရှိမရှား ခရီးသည်တွေ အတွက် တော်တော့ကို အဆင်ပြေတဲ့ တက္ကစီလေးတွေပေါ့။
တက္ကစီ တစင်းလုံးငှါးသွားတဲ့ အထိလည်း ငွေကိုမသုံးချင်၊ လိုင်းကားစီးဖို့ ကိုလည်း ဆဒ္ဒမရှိတဲ့ ဖေဖေ တို့လိုလူတွေအတွက် ငွေတထောင်ဝန်းကျင်နဲ့ လိုရာရောက်သွားစေနိုင်တဲ့ တက္ကစီလေးတွေပါဘဲ။
တောင်ဥက္ကလာဖက်ကိုသွားမယ့် တက္ကစီလေး တွေက ဈေးသက်သက်သာသာ ကလေးတွေပါဘဲ သမီးရဲ့။
အရှေ့ ဒရိုင်ဘာနဲ့ ကပ်လျက်နေရာက စီးရင် ငွေ ၈၀၀။နောက်ဘက် တယောက် ၆၀၀။ ဖေဖေတို့ နှစ်ယောက်
တက်လိုက်တဲ့ တက္ကစီက နည်းနည်းကြီး တဲ့ တက္ကစီမို့ နောပ်ဘက်မှာ လေးယောက်တင်မယ်တဲ့။ဖေဖေတို့ တက်လိုက်တော့ ရှေ့မှာ အမျိုးသားတစ်ယောက်၊နောက်မှာ အမျိုးသမီးတစ်ယောက်ရှိ နေပြီးသားဆိုတော့ တစ်ယောက်လိုပေါ့။ဖေဖေ တို့ နှစ်ယောက်တက်လိုက်ပြီးတာနဲ့ နောက်မှာထိုင်နေနှင့်တဲ့ အမျိုးသမီးဆီက အသံထွက်လာတော့တာပါဘဲ။ သူက ခပ်ဖိုင့်ဖိုင့်၊ပြည့်ပြည့်။
တစ်ယောက်တစ်ရာစီ ပိုပေးလိုက်ကြရအောင်တဲ့။ ကားမြန်မြန်ထွက်ရတာပေါ့တဲ့။ မောင်းလေးကတော့ နှစ်ရာနာတာပေါ့။ဘယ်လိုလဲတဲ့။ သူက ဖေဖေတို့ကိုရော ကားဆရာကိုပါ ညှိနှိုင်းတဲ့ လေသံနဲ့။ ဟုတ်တယ်။ခရီးသည် နောက်တစ်ယောက် ရောက်လာရင် ကားဆရာ ငွေ ၆၀၀ ထပ်ရမယ်
အခုထွက်ရင် ဖေဖေတို့ လေးယောက် တစ်ရာစီ ပိုပေးမယ့်ငွေ ၄၀၀သာရမှာမို့ သူက ၂၀၀ နစ်နာမယ်။
ဒါပေမယ့် ကားမြန်မြန်ထွက်ရမယ်။အံ့သြဖို့ကောင်းတာက အားလုံးက လက်ခံလိုက်တဲ့ အတွက် ဖေဖေ တို့ တက္ကစီကလေး လှစ်ခနဲ ပြေးထွက်လာနိုင်ခဲ့တာပါဘဲ။ ဖေဖေ တို့ လည်း ဘေလီတံတား ထိပ်ကျေးဂျူးကမ္ဘာ ကို ကို အချိန်မီ ရောက်သွားနိုင်ခဲ့တာပါဘဲ။
နဒ္ဒ၀န်ဈေးလောက်မှာ ဆင်းသွားတဲ့ ဖိုင့်ဖိုင့်ပြည့်ပြည့်နဲ့ အမျိုးသမီး ကို ဖေဖေ အမှတ်ရနေမိတယ်။ တဆက်တည်း ဟိုးဆယ့်လေးငါးနှစ်လောက်က သူငယ်ချင်း ကဗျာဆရာကို သတိရနေမိလိုက်ပြန်ရော။
(နှစ်)
ဟိုး.....လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်လောက်တုန်းက ဖေဖေ ရယ်။ဖေဖေ့ ကျောင်းနေဖက် စာပေသူငယ်ချင်း
သုံးလေးယောက်ရယ် ဖေဖေဇာတိ ကွမ်းခြံကုန်းမြို့ ကလေးဆီ ခရီးထွက်ဖြစ်ကြတယ် သမီးရဲ့။ ထုံးစံအတိုင်း ပန်းဆိုးတန်းဆိမ်ကမ်းကနေ ဒလဘက်ကို ကူးကြရတာပေါ့။ရန်ကုန်မြစ်ကို ဖြတ်တဲ့ အခါ ဧရာဝတီ သင်္ဘော ကုတို့နဲ့ ကူးချင်ကူး၊ စက်တပ်ငှက်သမန်ကလေးတွေနဲ့ ကူးချင်ရင်လည်း ကူးပါဘဲ ဖေဖေတို့ ကတော့ အချိန်နဲ့ ထွက်တဲ့ ဧရာဝတီကို စိတ်မရှည်ချင်တာနဲ့ စက်တပ်ငှက်သမန် ကလေးနဲ့ပဲ ဖြတ်ကူးခဲ့ လိုက်ကြတာပေါ့။
ငှက်သမန်ကလေး ဆိပ်ကမ်းကနေ ထွက်လာခဲ့ပြီး သိပ်မကြာခင်မှာဘဲ သမန်ဆရာက ပဲ့ကိုင်းရင်းကနေ
ကုတို့ခကလေးတွေ စုလိုက်ကြပါလို့ မေတ္တာရပ်ခံတယ်။ ဖေဖေတို့ တတွေလည်း ကုတို့ခ တယောက်တကျပ်စီ
ကို စုလိုက်ကြပြီး သူဆီကို ကမ်းပေးလိုက်ကြတယ်ပါပဲ။ အံ့သြစရာကောင်းတာကတော့ ဘယ်သူကြောင့်မှန်းမသိ
ငွေတစ်ကျပ်လိုနေတော့ တာပါပဲလေ။
သမန်ဆရာလေးက ငွေစက္ကူတွေကို ရေတွက်နေရာက တစ်ယောက်လိုနေသေးတယ်တဲ့။ ဟုတ်တယ် သမန်ပေါ်
မှာ ခရီးသည် ၁၀ယောက်၊ငွေ ၁၀ကျပ်ရှိရမှာ၊ အခု ငွေ ၉ကျပ်တည်း။ ဘယ်သူ မပေးဘဲ ချန်နေရစ်ခဲ့ ပါလိမ့်။ စုတုန်းကတော့ ပေးပေး ဆိုပြီး ခပ်ပေါ့ပေါ့ပဲ စုလိုက်တာ ဘယ်သူမပေးလဲ စဉ်းစားမရနိုင်ကြတော့ဘူး။
သူ့ကိုယ်ကြည့် ကိုယ့်သူကြည့်နဲ့။ ဖေဖေတို့ ငှက်သမန် ကလေး ရန်ကုန် မြစ်လည်မှာ သက်ရှူကျပ်နေတုန်းမှာဘဲ
သမန်ဆရာလေး တော်တော် စိတ်တိုသွားတဲ့ ပုံနဲ့ စက်ကိုရပ်ပစ်လိုက်ပါလေရော။ ပါးစပ်ကလည်း...
"ပင်လယ်ထိ မျောချင်မျောစမ်းကွာ" တဲ့။
ရန်ကုန်မြစ်ကြီးက ဒီရေကျချိန်မို့ ပင်လယ်ဘက်ကို တအိအိ စီးဆင်းသွားနေဆဲ။ တောင်လေက ရေအကျမှာ လှိုင်းကြက်ခွပ်တွေကို တဖျပ်ဖျပ်ထနေစေဆဲ။ သည်အချိန်မှာတော့ ကာယကံရှင်ကလည်း ၀န်ခံ ဖို့ ရှက်ပြီပေါ့။ အဲဒီ အချိန်မှာဘဲ မမေ့နိုင်စရာ ဖေဖေ သူငယ်ချင်းလေ။
လူတယောက်စာ လိုနေတာလားတဲ့။ တစ်ယောက်တစ်ကျပ် မို့လားတဲ့။သူပေးမယ်တဲ့။ ပင်လယ်ကြီးထဲ ရောက်တဲ့ အထိတော့ မမျောလိုက်ပါနဲ့ ညီလေးရာတဲ့။ ငှက်သမန် တစ်စီးလုံး ဝေါခနဲ ပွဲကျသွားကာ ပေါ့ပေါ့ပါးပါး လွတ်လပ်သွားနေဆဲမှာ ငွေတကျပ်ကို ပေးသူကပေး ယူသူကယူလို့။ တအိအိ မျောပါသွားနေတဲ့ ငှက်သမန်ကလေး ပြန်ပြီးနိုးလာရပြန်တယ်လေ။သမန်တစီးလုံး ပြုံးလို့။
(သုံး)
သမီးရေ..
ဘ၀ခရီးလမ်းတွေကို ဖေဖေ တို့ စိုင်းနှင်းကြတဲ့ အခါ သွားလိုရာကို ရောက်ဖို့ တစ်လှေတည်းစီး
တစ်ခရီးတည်းသွားတွေနဲ့ အတူ ယှဉ်တွဲကျော်ဖြတ်ကြရပုံတွေကတော့ နည်းလမ်းအသွယ်သွယ် ပရိယာယ်
အ၀၀ပါပဲ သမီးရယ်။ မြစ်ကိုဖြတ်တဲ့ ငှက်သမန် ကလေးပေါ် လိုနေတဲ့ ကွက်လပ်ကလေးကို တစ်ယောက်တည်း ဖြည့်ပြီး ခရီးတွင်စေခဲ့တဲ့ ဖေဖေ့ သူငယ်ချင်းလို လူတွေ လိုအပ်လှသလို၊ လိုတာကလေးကို မျှတဖြည့်ရအောင်လားဆိုတဲ့ တက္ကစီပေါ်က မိန်းမ ခပ်၀၀ လိုလူတွေလည်း လိုအပ်လှပါတယ်။
ဟိုး ဆယ့်ငါးနှစ်လောက်က ဒလ ဘက်ကမ်းကို ဆိုက်ဆိုက် မြိုက်မြိုက် ဆိုက်ကပ်သွားခဲ့ ရသလို အခုလည်းပဲ ဘေလီတံတာထိပ်က ကျေးဂျူးကမ္ဘာထဲ ကို အချိန်မီ ရောက်ရှိသွားခဲ့ ပါရဲ့။ ခရီးသွားရတာ ပျော်စရာကောင်းအောင် လုပ်တတ်သူနှစ်ဦး ကို ခုတွေးရင် ခု သတိရနေမိသေးတော့တယ် သမီးရယ်။
မောင်သာချို
လက်ဆောင်(သမီးဖတ်ဖို့)

Monday, February 13, 2012
မဲ့ မနက်ဖြန်။
မ..
တရေးနိုး မှောင်နေပေမယ့်
မျှော်လင့်ခြင်း သစ်ပင်မှာ
အလွမ်းမီးတွေ ထိန်ထိန်လင်းတယ်.............။
ဘ၀ကြီးက ခေါင်းတွဲ မပါတဲ့ ရထားတွဲလို
တဖြေးဖြေးနှေးလာတယ် ဆိုပေမယ့်
အရှိန်မသေ သေးဘူး......။
စည်းကို ဖြတ်ကျော် ခွင့်မရှိပေမယ့်
ပြန်လာမယ့် လမ်း
တွေးဆလို့
ကျွန်တော်လေ....။

Subscribe to:
Posts (Atom)